Posts

ပေါက်ကရတင်သူများအတွက်ကျွန်တော်၏စိတ်ထား

ပေါက်ကရတွေတင်တဲ့အတွက် မွေးနေ့တိုင်း ၀က်ခြံပေါက်ပါစေ ပရင့်ထုတ်တိုင်း စာရွက်ခေါက်ပါစေ ပိုက်ဆံအမ်းတိုင်း အကြွေစုတ်နဲ့ ညားပါစေ အလကားနေရင်း ဖုန်းဘက်ထရီ အကုန်မြန်ပါစေ စာရိုက်တိုင်း မဆေ့ဖ်ခင် ရီစတက်ကျပါစေ ခြေအိတ်လျှော်တိုင်း တစ်ဖက်ပျောက်ပါစေ သွားလေရာ ထွက်ဖစ် ဂျမ်းပါစေ ရေသန့်ဘူး အသစ်ဖောက်သောက်တိုင်း  အဖုံးလွတ်ကျပါစေ လိုင်းပေါ်တက်တိုင်း အဝိုင်းလည်ပါစေ တက်စီငှားတိုင်း ရပ်ကွက်ထဲမ၀င်ပေးဘဲ  လမ်းထိပ်မှာ ရပ်ပါစေ အိမ်သာတက်တိုင်း  အားပြင်းတဲ့ ရေပိုက်ခေါင်းနဲ့ ကြုံပါစေ Uniball ၀ယ်တိုင်း မင်မကုန်ခင် ဘောသီးကြွေပါစေ မုန့်ဟင်းခါးစားတိုင်း  ဟင်းရည်အဆစ်မပေးတဲ့ဆိုင်နဲ့ ကြုံပါစေ ၀က်သားတုတ်ထိုးဆိုင်ထိုင်တိုင်း လျှာကုန်နေပါစေ ဖိနပ်အသစ်စီးတဲ့နေ့တိုင်း မိုးရွာဗွက်ထပါစေ ဖေ့စ်ဘုတ်မှာ ဂရုပုံ  သူများတင်တိုင်း ကိုယ်ရုပ်ဆိုးတဲ့ပုံ ဖြစ်ပါစေ အပြင်ထွက်တိုင်း အိမ်ထဲမှာ သော့ကျန်ပါစေ အခန်းထဲမှာ  အီးခိုးပေါက်တိုင်း အကျယ်ကြီးဖြစ်ပါစေ ကြေးအိုးစားတိုင်း ဆံပင်မွေးပါပါစေ အိတ်စပရက်စီးတိုင်း ပေါကားဖွင့်ပါစေ ဘဏ်သွားတိုင်း အရွက်လျော့ပါစေ တန်းစီတိုင်း ကိုယ်စီမိတဲ့လိုင်း နှေးပါစေ ပူတဲ့ညတိုင်း အဲကွန်းဖွင့်ဖို့ ...