ပေါက်ကရတင်သူများအတွက်ကျွန်တော်၏စိတ်ထား
ပေါက်ကရတွေတင်တဲ့အတွက်
မွေးနေ့တိုင်း ၀က်ခြံပေါက်ပါစေ
ပရင့်ထုတ်တိုင်း စာရွက်ခေါက်ပါစေ
ပိုက်ဆံအမ်းတိုင်း အကြွေစုတ်နဲ့ ညားပါစေ
အလကားနေရင်း ဖုန်းဘက်ထရီ အကုန်မြန်ပါစေ
စာရိုက်တိုင်း မဆေ့ဖ်ခင် ရီစတက်ကျပါစေ
ခြေအိတ်လျှော်တိုင်း တစ်ဖက်ပျောက်ပါစေ
သွားလေရာ ထွက်ဖစ် ဂျမ်းပါစေ
ရေသန့်ဘူး အသစ်ဖောက်သောက်တိုင်း
အဖုံးလွတ်ကျပါစေ
လိုင်းပေါ်တက်တိုင်း အဝိုင်းလည်ပါစေ
တက်စီငှားတိုင်း ရပ်ကွက်ထဲမ၀င်ပေးဘဲ
လမ်းထိပ်မှာ ရပ်ပါစေ
အိမ်သာတက်တိုင်း
အားပြင်းတဲ့ ရေပိုက်ခေါင်းနဲ့ ကြုံပါစေ
Uniball ၀ယ်တိုင်း
မင်မကုန်ခင် ဘောသီးကြွေပါစေ
မုန့်ဟင်းခါးစားတိုင်း
ဟင်းရည်အဆစ်မပေးတဲ့ဆိုင်နဲ့ ကြုံပါစေ
၀က်သားတုတ်ထိုးဆိုင်ထိုင်တိုင်း
လျှာကုန်နေပါစေ
ဖိနပ်အသစ်စီးတဲ့နေ့တိုင်း
မိုးရွာဗွက်ထပါစေ
ဖေ့စ်ဘုတ်မှာ ဂရုပုံ
သူများတင်တိုင်း ကိုယ်ရုပ်ဆိုးတဲ့ပုံ ဖြစ်ပါစေ
အပြင်ထွက်တိုင်း အိမ်ထဲမှာ သော့ကျန်ပါစေ
အခန်းထဲမှာ
အီးခိုးပေါက်တိုင်း အကျယ်ကြီးဖြစ်ပါစေ
ကြေးအိုးစားတိုင်း ဆံပင်မွေးပါပါစေ
အိတ်စပရက်စီးတိုင်း ပေါကားဖွင့်ပါစေ
ဘဏ်သွားတိုင်း အရွက်လျော့ပါစေ
တန်းစီတိုင်း ကိုယ်စီမိတဲ့လိုင်း နှေးပါစေ
ပူတဲ့ညတိုင်း အဲကွန်းဖွင့်ဖို့
မီးအားမပြည့်ပါစေ
လက်ဖက်ရည်ဆိုင်ထိုင်တိုင်း
စားပွဲထိုး ခေါ်မရပါစေ
ရပ်ကွက်ထဲမှာ အလှူခံ မဏ္ဍပ်ဆောက်တိုင်း
လော်စပီကာ ကိုယ့်အိမ်ဖက်လှည့်ပါစေ
သီချင်းနားထောင်တိုင်း အခွေထစ်ပါစေ
အိပ်ရာ၀င်တိုင်း ခြင်တစ်ကောင် ဝီပါစေ
နှိုးစက်မြည်တိုင်း အိပ်ကောင်းပါစေ
တရေးနိုး ရှူးရှူးထပေါက်တိုင်း
ခြေသန်းလေးနဲ့ ခလုတ်တိုက်ပါစေ
အိမ်မှာနားနေတိုင်း အလှူခံတံခါးခေါက်ပါစေ
ထမင်းစားတိုင်း သွားကြားညှပ်ပါစေ
မိုးရွာတိုင်း ထီးလန်ပါစေ
အာလူးကြော်၀ယ်စားတိုင်း
ဆီချေးစော် နံပါစေ
ဓာတ်ပုံရိုက်တိုင်း မျက်လုံးမှိတ်ပါစေ
Comments
Post a Comment